ထိုင်းမှာ အာဆီနန်းတော် မြန်မာဘားလို့ လူသိများတဲ့ “ HAPPY BAR KTV & Club ”ကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေး၊ သေနတ်နဲ့ မူးယစ်ဆေးဝါးများဖမ်းမိ

Apr 29 • 3:00 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းမှာ အာဆီနန်းတော် မြန်မာဘားလို့ လူသိများတဲ့ “ HAPPY BAR KTV & Club ”ကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေး၊ သေနတ်နဲ့ မူးယစ်ဆေးဝါးများဖမ်းမိ

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်မှာ အာဆီနန်းတော် မြန်မာဘားလို့ လူသိများတဲ့ “ HAPPY BAR KTV & Club ”ကို မနေ့က ဧပြီလ ၂၈ ရက် ညနေပိုင်းမှာ ဝင်ရောက်စစ...

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်မှာ အာဆီနန်းတော် မြန်မာဘားလို့ လူသိများတဲ့ “ HAPPY BAR KTV & Club ”ကို မနေ့က ဧပြီလ ၂၈ ရက် ညနေပိုင်းမှာ ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ စမွတ်ဆာခွန်ခရိုင်၊ ပြန်ကြား ရေးနဲ့ပြည်သူ့ဆက်ဆံရေးဌာနက သတင်းထုတ်ပြန်ပါတယ်။အဆိုပါ စစ်ဆေးမှုကို စမွတ်ဆာခွန်ခရိုင်အုပ်ချုပ်ရေးမှူး နလစ် နိလာမိုင်ဝုန်ဦးဆောင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား (၂၀၀) ကျော်ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး၊ ဆိုင်ထဲကနေ သေနတ်၊ ကျည်ဆံနဲ့ မူးယစ်‌ဆေး ဝါးများကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဝင်ရောက်စစ်ဆေးမှုအတွင်း အဆိုပါ ဆိုင်အတွင်းမှ မြန်မာနိုင်ငံသား (၁၅၀) ကျော်တွေ့ရှိခဲ့ကြောင်းနဲ့ တရားဥပဒေနဲ့မလွတ်ကင်းတဲ့ သေနတ်၊ ကျည်ဆံနဲ့ မူးယစ်ဆေးဝါးများ တွေ့ရှိရကြောင်းကိုသာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ဖမ်းဆီးမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်ခြင်းမရှိပေ။


news-view-count-icon

8