မိမိနှင့်လိင်ဆက်ဆံရန် ငြင်းဆန်သည့် ထိုင်းလိင်ပြောင်းအမျိုးသမီးတဦးကို ထိုင်းနိုင်ငံ ပတ္တရားမြို့၌သတ် ဖြတ်ခဲ့ကြောင်း ပြစ်မှုကျူးလွန်သူဟုသံသယရှိသူ တရုတ်အမျိုးသားကပြောသည်။ ထိုင်းလိင်ပြောင်းအမျိုး သမီးကိုသတ်ပြီးနောက် ခန္ဓာကိုယ်ကိုလှီးဖြတ်ဖွင့်ပြီး ကိုယ်တွင်းအင်္ဂါများကို ထုတ်ခဲ့ကြောင်း၊ အကြောင်း မှာ လိင်ပြောင်းအမျိုးသမီး၏ ခန္ဓာကိုယ်ကို စိတ်ထင်သလိုလျှောက်လုပ်ချင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ထို တရုတ်အမျိုးသားက ပြောသည်။ထိုင်းရဲတပ်ဖွဲ့၏ပြောကြားချက်အရ အသက် ၄၂ နှစ်ရှိ ဖူတုန်ယန်သည် ထိုင်းနိုင်ငံ၊ နောင်ခိုင်မြို့ဇာတိ အသက် ၂၅ နှစ်ရှိ လိင်ပြောင်းအမျိုးသမီးတဦးဖြစ်သော ဝွန်ရာနန်ပန်နာချားကိုသတ်ဖြတ်ခဲ့ကြောင်း ဝန်ခံ ခဲ့သည်ဟု သိရသည်။



