၂၇.၄.၂၀၂၅ ရက်ယနေ့၊ ၀၆နာရီ ၀၅ မိနစ်အချိန်ခန့်၊ နေပြည်တော်-ရန်ကုန်ဘက်ခြမ်း၊ မိုင်တိုင်အမှတ်(၄၁/၄)နှင့် (၄၁/၃)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ဘောနပ်ကြီးအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ပါသည်။အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၄)ဦး၊ မ(၇)ဦး၊ မ ကလေး(၂)ဦး၊ စုစုပေါင်း (၁၃)ဦးထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား 192 ယာဉ်များဖြင့် ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။
Apr 27 • 1:54 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 22 | 0 | 0 | 0 |


