KSW က ကျင်းပတဲ့ KSW 105 ပြိုင်ပွဲ ပြီးဆုံးသွားပြီဖြစ်ကာနည်းပြကြီး အောင်လအန်ဆန်းဟာ တာဝန်ယူ ကြီးကြပ်ခဲ့တဲ့ ဖိုက်တာ နှစ်ယောက်မှာ တစ်ပွဲနိုင် ၊ တစ်ပွဲရှုံး ရလာဒ် ထွက်ပေါ်ခဲ့ပြီးအံ့အားသင့်စရာကောင်းတာက ဒီ ခရီးစဉ်အောင်ဟာ အောင်လအန်ဆန်း အတွက် ပထမဆုံး ဥရောပမြေပေါ်မှာ အခြေချဖူးတဲ့ ခရီးစဉ်ဖြစ်သလို ၊ ပိုလန်ကို ပထမဆုံးကြိမ် ရောက်ဖူးခြင်းဖြစ်ကာဒါပေမယ့် ပိုလန် ကတော့ သူ့ကို နွေးနွေးထွေးထွေးနဲ့ကို ကြိုဆိုသွားခဲ့တာဖြစ်ပြီးပိုလန် မီဒီယာတွေ အပြင် ၊ ပြိုင်ပွဲ တာဝန်ယူ ကျင်းပတဲ့ KSW ပရိုမိုးရှင်း ကိုယ်တိုင်ကပါ အောင်လ ကိုယ်တိုင် သူတို့ပွဲ ရောက်လာတယ် ဆိုတဲ့အကြောင်း သီးသန့်စတေးတပ်တင်ကာ အသိမှတ်ပြုခဲ့ပါတယ်။




