back

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း၏ ထိုင်း‌ခြေစမ်းပွဲ ခရီးစဉ် အတွက် ကစားသမား ၁၉ ဦးစာရင်းကို နည်းပြချုပ် Mr. Pattaya Piemkum မှထုတ်ပြန်

Apr 27 • 1:24 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း၏ ထိုင်း‌ခြေစမ်းပွဲ ခရီးစဉ် အတွက် ကစားသမား ၁၉ ဦးစာရင်းကို နည်းပြချုပ် Mr. Pattaya Piemkum မှထုတ်ပြန်

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် ဧပြီ ၂၇ ရက်မှ မေလ ၄ ရက်အထိ ထိုင်းနိုင်ငံတွင် လေ့ကျင့်ရေးခြေစမ်းပွဲများ သွားရောက်ယှဉ်ပြိုင်ကစားမည် ဖြစ်ရာ နည်းပြချုပ် Mr. Pattay...

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် ဧပြီ ၂၇ ရက်မှ မေလ ၄ ရက်အထိ ထိုင်းနိုင်ငံတွင် လေ့ကျင့်ရေးခြေစမ်းပွဲများ သွားရောက်ယှဉ်ပြိုင်ကစားမည် ဖြစ်ရာ နည်းပြချုပ် Mr. Pattaya Piemkum အနေဖြင့် ကစားသမား ၁၉ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီ ဖြစ်သလိုမြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် ကစားသမား ၂၄ ဦးဖြင့် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး နည်းပြချုပ် Mr. Pattaya Piemkum အနေဖြင့် ဧပြီ ၂၅ ရက်က ကစားသမား ၁၉ ဦးစာရင်းကို ထုတ်ပြန်ခဲ့ကာမြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း၏ ထိုင်းခြေစမ်းခရီးစဉ်တွင် ကစားသမား ၁၉ ဦး၊ အုပ်ချုပ်နည်းပြအဖွဲ့ ၉ ဦး ပါဝင်မည် ဖြစ်ပြီး ဧပြီ ၂၉ တွင် SWU Aimane အသင်းနှင့် လည်းကောင်း၊ မေ ၁ ရက်တွင် Thammasat Stallions အသင်းနှင့် လည်းကောင်း၊ မေ ၃ ရက်တွင် Black Pearl United အသင်းနှင့် လည်းကောင်း ‌ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ်။


news-view-count-icon

24