ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ဧပြီ ၂၆ ရက် ဒီနေ့လယ်ပိုင်းက မိုးရွာပြီး မိုးသီးတွေလည်းကြွေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီ ၂၇ ရက်မနက်အထိ ကရင်နီ(ကယား)၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့မှာ မိုးရွာသွန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။



