ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဟွေ့ခွမ် ဧရိယာရှိ စားသောက်ဆိုင် ၁၀ ဆိုင်ကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက မကြာမီ ပိတ်သိမ်းတော့မည် ဖြစ်သည်။ ထိုင်းကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး နပင်န်တွန်က ဧပြီလ ၂၅ ရက် သောကြာနေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုနေရာတွင် တရုတ်များက ထိုင်းလူမျိုးများကို အမည်ခံပြီး ပါမစ်မရှိဘဲ စီးပွားရေးလုပ်ငန်းများကိုလုပ်နေသည်ဟုဆိုသည်။ ထိုကြောင့် ထိုင်းစီးပွားရေးလုပ်ငန်းများနှင့် ထိုင်းအလုပ်သမားများအားအကာအကွယ်ပေးဖို့ ပြောကြားခဲ့သည်။



