back

မြောက်ကိုရီးယားက ဖျက်သင်္ဘောအသစ်တစ်စင်းကို ထုတ်ဖော်ပြသ

Apr 26 • 2:29 PM

breaking-news

မြန်မာ

ပြည်ပ

cover

မြောက်ကိုရီးယားက ဖျက်သင်္ဘောအသစ်တစ်စင်းကို ထုတ်ဖော်ပြသ

မြောက်ကိုရီးယားသည် စွမ်းအားအပြင်းဆုံးလက်နက်များ တပ်ဆင်ထားသည်ဟု ကြေညာထားသည့် ဖျက်သင်္ဘောအသစ်တစ်စင်းကို ထုတ်ဖော်ပြသခဲ့ပြီး အဆိုပါ သင်္ဘောဖွင့်ပွဲအခမ်းအနားသို့ မြေ...

မြောက်ကိုရီးယားသည် စွမ်းအားအပြင်းဆုံးလက်နက်များ တပ်ဆင်ထားသည်ဟု ကြေညာထားသည့် ဖျက်သင်္ဘောအသစ်တစ်စင်းကို ထုတ်ဖော်ပြသခဲ့ပြီး အဆိုပါ သင်္ဘောဖွင့်ပွဲအခမ်းအနားသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် တက်ရောက်ခဲ့သည်ဟု ဧပြီလ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။ အဆိုပါသင်္ဘော၏ အရွယ်အစားအရ သင်္ဘောမှ မြေပြင်သို့ ပစ်ခတ်နိုင်သည့် ဒုံးကျည်များ၊ သင်္ဘောပေါ်မှ ဝေဟင်သို့ ပစ်ခတ်နိုင်သည့် ဒုံးကျည်များကို သယ်ဆောင်နိုင်ကြောင်း ကျွမ်းကျင်သူများက ယူဆထားသည်။ အဆိုပါသင်္ဘောသည် တာတိုပစ် နည်းဗျူဟာမြောက် နျူကလီးယား ဒုံးကျည်များတပ်ဆင်နိုင်ကြောင်း ဖော်ပြခဲ့သည်။



news-view-count-icon

18