မန္တလေးစာဖြေဌာနမှာ ကျင်းပမဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (JLPT) စာမေးပွဲကို ရန်ကုန်မှာ ပြောင်းလဲပြုလုပ်သွားမယ်လို JLPT စာမေးပွဲကျင်းပရေး ကော်မတီ ၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်းက အသိပေးထုတ်ပြန်လိုက်ပါတယ်။ မတ်လ ၂၈ ရက်ကဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် JLPT စာမေးပွဲကျင်းပမဲ့ တက္ကသိုလ်၊ ကျောင်းတွေမှာ ပျက်စီးဆုံးရှုံးမှု များပြားခဲ့လို့ အခုလို နေရာပြောင်းရွှေ့ ကျင်းပတာလို့ သိရပါတယ်။၂၀၂၅ ဧပြီလ ၂၅ ရက်နေ့ မှ ၂၀၂၅ မေလ ၁၂ ရက်နေ့ (ညေန ၄ နာရီ) အတွင်း Google Form တွင် စာရင်းပေးသွင်းထားခြင်းမရှိပါက ရန်ကုန်စာဖြေဌာနတွင် ပြောင်းရွှေ့ဖြေဆိုမဲ့ စာဖြေသူများအဖြစ် စာရင်းသွင်းသတ်မှတ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။



