ထိုင်းနိုင်ငံ၊ စက္ကရီယိုပြည်နယ်၊ အာရန်ယာပရာသက်ခရိုင်တွင် ထိုင်းအမျိုးသားနှစ်ဦးသည် ၎င်းတို့ အိမ်နီးချင်း၏ ချွမ်ဖူးအမည်ရှိသော ခွေးလေးကို သေနတ်ဖြင့် ပစ်သတ်ပြီးနောက် အသားများကို ခွေးသားခြောက်အဖြစ် အခြောက်လှမ်းကာ စားသုံးမှုပြုခဲ့ကြောင်း ဝန်ခံခဲ့သည်။ သံသယရှိသူများဖြစ်သော အသက် ၆၈ နှစ်အရွယ် ဆဝါအမ်းနှင့် အသက် ၅၆ နှစ်အရွယ် ပရာဆစ်တို့ကို ခွေးပိုင်ရှင်၏ တိုင်ကြားမှုကြောင့် ဧပြီလ ၂၅ ရက် သောကြာနေ့တွင် ဖမ်းဆီးခဲ့သည်။ ခွေးပိုင်ရှင်အား လျော်ကြေးအဖြစ် ဘတ် ၅၀,၀၀၀ ပေးရန် သဘောတူခဲ့သည်။ ပြစ်မှုကို ဝန်ခံခဲ့သည့် တရားခံအမျိုးသားနှစ်ဦးကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ယနေ့ ဧပြီ ၂၆ ရက်နေ့တွင် ၎င်းတို့၏ အမှုကို စက္ကရီယိုပြည်နယ် တရားရုံးတွင် ကြားနာမည်ဖြစ်သည်။



