ဧရာဝတီတိုင်း၊ ငပုတောမြို့၊ အရှေ့ပိုင်းရပ်ကွက်၊ ဥယျာဉ်ကုန်းလမ်းရှိ ရှေးဟောင်းမဟာရာဇမုနိအောင်တော်မူစေတီတော်မြတ်အား ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်၊ ရွှေထီးတော်အထွဋ်ဘုံအဆင့်ဆင့်တင်လှူပူဇော်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့ ဧပြီ ၂၆ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ဆရာတော်ကြီးထံမှ (၉)ပါးသီလခံယူကာ ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္စျယ်တော်မူပြီး တိုင်းဝန်ကြီးချုပ်နှင့်ဇနီးတိုက ဆရာတော်၊ သံဃာတော်များအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကိုဆက်ကပ်လှူ ဒါန်းခဲ့ကြသည်။



