back

တစ်လကျော်ကြာ လျှပ်စစ်မီး ပြတ်တောက်နေတဲ့ ဟားခါးမှာ မီးသွေးစျေးမြင့်တက်

Apr 26 • 12:09 PM

breaking-news

မြန်မာ

ချင်း

cover

တစ်လကျော်ကြာ လျှပ်စစ်မီး ပြတ်တောက်နေတဲ့ ဟားခါးမှာ မီးသွေးစျေးမြင့်တက်

ချင်းပြည်မြို့တော် ဟားခါးမှာ မတ်လ ၂၃ ရက်နေ့မှစ၍ ယနေ့ ဧပြီလ ၂၅ ရက်ထိ တစ်လကျော်ကြာ လျှပ်စစ်မီး ပြတ်တောက်တာကြောင့် မီးသွေးစျေးတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေဆီက စုံ...

ချင်းပြည်မြို့တော် ဟားခါးမှာ မတ်လ ၂၃ ရက်နေ့မှစ၍ ယနေ့ ဧပြီလ ၂၅ ရက်ထိ တစ်လကျော်ကြာ လျှပ်စစ်မီး ပြတ်တောက်တာကြောင့် မီးသွေးစျေးတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေဆီက စုံစမ်း သိရှိရပါတယ်။ဟားခါးမှာ မီးသွေးလုပ်ငန်း လုပ်ကိုင်သူတွေရှားပါးပြီး မီးသွေးကို စစ်ကိုင်းတိုင်း၊ ကလေး၊ ကလေးဝနဲ့ တခြားမြို့နယ်တွေက ဝယ်ယူတင်သွင်းနေရတယ်လို့ သိရပါတယ်။ဟားခါးမှာ လျပ်စစ်မီးမပြတ်ခင်က မီးသွေးအိတ် တစ်အိတ်ကို ၂၅,၀၀ ကျပ်သာရှိပြီး လက်ရှိမှာ မီးသွေးအမျိုးအစားပေါ် မူတည်၍ တစ်အိတ်ကို ၄၀,၀၀၀ ကျပ်မှ ၄၅,၀၀၀ ကျပ်ထိရှိတယ်လို့ သိရပါတယ်။



news-view-count-icon

12