back

စစ်ကိုင်းတွင် မလေးရှားနိုင်ငံမှယာယီအခမဲ့ဆေးရုံ နှစ်ပတ်ကြာဖွင့်လှစ်ထားမည်

Apr 26 • 12:04 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတွင် မလေးရှားနိုင်ငံမှယာယီအခမဲ့ဆေးရုံ နှစ်ပတ်ကြာဖွင့်လှစ်ထားမည်

ငလျင်ဒဏ်သင့်ဒေသဖြစ်သည့် စစ်ကိုင်းမြို့တွင် မလေးရှားနိုင်ငံမှ ဖွင့်လှစ်ပေးထားသော ယာယီအခမဲ့ဆေးရုံအား စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ နှစ် ၇၀၀ ပြည့် အထိမ်းအမှတ်အား...

ငလျင်ဒဏ်သင့်ဒေသဖြစ်သည့် စစ်ကိုင်းမြို့တွင် မလေးရှားနိုင်ငံမှ ဖွင့်လှစ်ပေးထားသော ယာယီအခမဲ့ဆေးရုံအား စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ နှစ် ၇၀၀ ပြည့် အထိမ်းအမှတ်အားကစားကွင်း၌ ဧပြီ ၂၁ ရက်တွင်စတင် ဖွင့်လှစ်ခဲ့ကြောင်း၊Malaysia Field Hospital (MFH) မှ Colonel Dr.Ahmad Farhan Ahmad Fuad ဦးဆောင်သည့် အဖွဲ့ဝင် ၆၉ ဦးဖြင့်ဖွဲ့စည်းထားကာ ယာယီအခမဲ့ဆေးရုံအား နှစ်ပတ်ကြာဖွင့်လှစ်မည်ဖြစ်ပြီး လိုအပ်ချက်ပေါ်မူတည်၍တစ်လအထိ အချိန်တိုးမြှင့်ဖွင့်လှစ်နိုင်ကြောင်း မလေးရှားနိုင်ငံ၏ The Star သတင်းစာ၌ဖော်ပြထားသည်။အပတ်စဉ်(သောကြာနေ့မှလွဲ၍) နေ့စဉ် မနက် ၈ နာရီမှ ညနေ ၅ နာရီအတွင်း အခမဲ့လာရောက်ကုသနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ မလေးရှားသံရုံးမှထုတ်ပြန်ထားသည်။



news-view-count-icon

18