အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ပူကစ်စီမြို့မှာ သားအမိတွေလမ်းလျှောက်လာတုန်း မြေအောက်ကကျင်းကြီးပေါက်ကွဲခဲ့ပါတယ်။ ကလေးတစ်ယောက်ကို လှည်းနဲ့တွန်း တစ်ယောက်ကိုလက်ဆွဲလို့ မိခင်ကလျှောက်လာခဲ့ချိန် သူတို့နောက် ကပ်လျက် ပေအနည်းငယ်အကွာမှာ အဲဒီလို ကျင်းကြီးဖြစ်လာခဲ့တာပါ။ သူတို့ ဘာမှတော့ မဖြစ်ကြပါဘူးလို့သိရပါတယ်။ မီးသတ်ဌာနကတော့ အဲဒီနားတဝိုက်မှာ မြေအောက် ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေ အများကြီးစုနေတာ စစ်ဆေးတွေ့ရှိရလို့ လျော့သွားအောင်လုပ်ပြီးမှ လမ်းထဲကလူတွေ အိမ်ပေါ်ပြန်တက်ခွင့်ပေးခဲ့တယ်လို့ဆိုပါတယ်။ 
အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်တွင်သားအမိတွေလမ်းလျှောက်လာချိန် မြေအောက်ကျင်းကြီးတစ်ခုပေါက်ကွဲခဲ့
Apr 26 • 10:33 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 25 | 0 | 0 | 0 |


