ထိုင်းနိုင်ငံ အရှေ့ပိုင်းပြည်နယ် ၃ ခုမှ အိမ်ရာ developer များသည် အိမ်ရာ ဝယ်ယူလိုသူတို့ ဘဏ်ချေးငွေ ရရှိရန် ခဲယဉ်းနေသဖြင့် မဝယ်နိုင်ကြခြင်း၊ အိမ်ရာဝယ်လိုနိုင်စွမ်း လျော့ကျနေခြင်းတို့ကြောင့် အိမ်ရာစီမံကိန်းများတွင် ယမန်နှစ်က ရင်းနှီးမြှုပ်နှံမှုများ လျှော့ချခဲ့ကြသည်။ ၂၀၂၄ တွင် လုံးဝမရောင်းရသည့် အိမ်ရာစီမံကိန်းများ များပြားခဲ့သည်ဟု ချွန်ဘူရီပြည်နယ်၏ Chon Buri Real Estate Association ဥက္ကဋ္ဌ Vattanapol Pholchivin က ပြောကြားသည်။
ဘတ် ၃ သန်းနှင့်အောက် အိမ်ရာများ လုံးဝ မရောင်းရဟု ၎င်းက ဆိုသည်။ ချာချုံးဆောင်၊ ခွန်ဘူရီ၊ ရယောင်း ပြည်နယ် ၃ ခုတွင် အိမ်ရာအသစ် ရောင်းအားသည် ၄၈,၀၅၉ ယူနစ်ရှိပြီး ၂၀၂၃ ထက် ၆.၇% လျော့နည်းသည်။ စုစုပေါင်းတန်ဖိုးသည် ဘတ် ၁၂၀ ဘီလီယံ ရှိပြီး ၂၀၂၃ ထက် ၇.၈% လျော့နည်းသည်ဟု Real Estate Information Center (REIC) မှ အချက်အလက် ထုတ်ပြန်သည်။


