back

လူပေါင်းထောင်ချီသေကြေပျက်စီးခဲ့သည့်နီပေါငလျင်(၁၀)နှစ်ပြည့်နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

Apr 26 • 10:15 AM

breaking-news

မြန်မာ

ပြည်ပ

cover

လူပေါင်းထောင်ချီသေကြေပျက်စီးခဲ့သည့်နီပေါငလျင်(၁၀)နှစ်ပြည့်နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

၂၅ ရက်နေ့ သောကြာနေ့က နီပေါငလျင်လှုပ်ခတ်မှုကြီး ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့အတွက် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ခဲ့ကြကာ ထိပ်သီးအရာရှိများတက်ရောက်ခဲ့ကြပြီး အနာဂတ်ဘေး...

၂၅ ရက်နေ့ သောကြာနေ့က နီပေါငလျင်လှုပ်ခတ်မှုကြီး ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့အတွက် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ခဲ့ကြကာ ထိပ်သီးအရာရှိများတက်ရောက်ခဲ့ကြပြီး အနာဂတ်ဘေးအန္တရာယ်များ ရင်ဆိုင်နိုင်ဖို့အတွက် ပိုမိုကောင်းမွန်စွာ ပြင်ဆင်သွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။ ၂၀၁၅ခုနှစ် ဧပြီ ၁၅ရက်နေ့က ငလျင်လှုပ်ခတ်ခဲ့ချိန် နံနက် ၁၁ နာရီ ၅၆ မိနစ်အတိအကျအတိုင်း မနေ့က ဝန်ကြီးချုပ် ခတ်ဂါပရာဆတ်အိုလီ၊ ထိပ်သီးဝန်ကြီးများ၊ အရာရှိများ၊ သံတမန်များက ငလျင်ဒဏ်ကြောင့် ပြိုကျသွားခဲ့တဲ့ မျှော်စင်ကြီးတစ်ခုမှာ အသက်ဆုံးပါးခဲ့သူများအတွက် ၁ မိနစ်ခန့် ငြိမ်သက်မတ်တပ်ရပ်ပေးခဲ့ကြပါတယ်။ ထိုနေ့က ပြင်းအားအဆင့် ၇.၈ ရှိတဲ့ငလျင်ကြောင့် လူပေါင်း ၉ ထောင်ခန့်သေကြေခဲ့ပြီး ၂၂,၀၀၀ ကျော်ဒဏ်ရာရကာ နေအိမ်အဆောက်အအုံပေါင်း ၁ သန်းလောက် ပျက်စီးခဲ့ရပါတယ်။

news-view-count-icon

22