back

ရှင်ကျိုးအမှတ် ၁၉ နှင့် ၂၀ မှ အဖွဲ့များ အာကာသအတွင်းဆုံတွေ့ခဲ့ကြ

Apr 26 • 10:09 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရှင်ကျိုးအမှတ် ၁၉ နှင့် ၂၀ မှ အဖွဲ့များ အာကာသအတွင်းဆုံတွေ့ခဲ့ကြ

ရှင်ကျိုးအမှတ် ၁၉ နှင့် ၂၀ မှ အာကာသယာဉ်မှူးအဖွဲ့များ ပေကျင်းစံတော်ချိန် ဧပြီ ၂၅ ရက် ၁ နာရီ ၁၇ မိနစ်က အာကာသအတွင်း ဆုံတွေ့ခဲ့ကြကြောင်း သိရသည်။လူလိုက်ပါသော အာကာသယာ...

ရှင်ကျိုးအမှတ် ၁၉ နှင့် ၂၀ မှ အာကာသယာဉ်မှူးအဖွဲ့များ ပေကျင်းစံတော်ချိန် ဧပြီ ၂၅ ရက် ၁ နာရီ ၁၇ မိနစ်က အာကာသအတွင်း ဆုံတွေ့ခဲ့ကြကြောင်း သိရသည်။လူလိုက်ပါသော အာကာသယာဉ်ဖြစ်သည့် ရှင်ကျိုးအမှတ် ၂၀ မှ အာကာသယာဉ်မှူးအဖွဲ့သည် အာကာသစခန်းနှင့် အောင်မြင်စွာချိတ်ဆက်ပြီးနောက်တွင် အာကာသယာဉ်၏ Return Capsule မှ Orbital Cabin သို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ထို့နောက် အဆိုပါအချိန်တွင် ပတ်လမ်းကြောင်းအတွင်း တာဝန်ထမ်းဆောင်နေသော ရှင်ကျိုးအမှတ် ၁၉ မှ အာကာသ ယာဉ်မှူးအဖွဲ့က “ပြတင်းတံခါး”ကို ဖွင့်ပြီး ရှင်ကျိုးအမှတ် ၂၀ မှ အာကာသယာဉ်မှူးအဖွဲ့ကို တရုတ်အာကာသ စခန်းသို့ ဝင်ရောက်ရန် ကြိုဆိုကာ ဆုံတွေ့ခဲ့ကြခြင်းလည်းဖြစ်သည်။

news-view-count-icon

26