စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယား လိဂ်ပွဲစဉ်ကို ပါဝင်နိုင်မှာ မဟုတ်သေးပေမယ့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ သူ့ကို အသုံးပြုနိုင်ဖို့ မျှော်လင့် တယ်လို့ ပြောခဲ့ပါတယ်။ ပိုစတီကိုဂလူးက “ဆွန်ဟာ တိုးတက်မှုရှိသလို အပေါင်းလက္ခဏာ ဆောင်ပေမယ့် လီဗာပူးလ်အသင်းနဲ့ပွဲကို ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ကြာသပတေးနေ့ပွဲမှာ ပါဝင်နိုင်မလားဆိုတာ ကျနော်တို့ မြင်တွေ့ရမှာပါ။ သူဟာ မြက်ခင်းပြင်ပေါ်မှာ လေ့ကျင့်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ပိုကောင်းလာတယ်ဆိုတာ အသေအချာပါပဲ”လို့ ပြောခဲ့ တာပါ။
ယူရိုပါလိဂ်မှာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို အသုံးပြုနိုင်ဖို့ စပါးအသင်းနည်းပြပိုစတီကိုဂလူး မျှော်လင့်
Apr 26 • 10:07 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 14 | 0 | 0 | 0 |


