ထိုင်းနိုင်ငံ၊ ပါကျင်ဘူရီမြို့ရှိ (RCLY) စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား(၇၃)ဦးကို စက်ရုံဘက်က ကြိုတင်အသိပေးအကြောင်းခြင်းမရှိဘဲ မတရား အလုပ်ထုတ်ခဲ့ကြောင်း သိရသည်။အလုပ်ထုတ်ခံရသူများတွင် CI စာအုပ် ကိုင်ဆောင်ထားသူ အလုပ်သမား ၄၀ ဦးနှင်၊ MoU အလုပ်သမား ၃၃ ဦး ပါဝင်ပြီး အဆိုပါ မြန်မာရွှေ့ပြောင်းလုပ် သားများသည် လုပ်သက် အနည်းဆုံး (၃) လမှ (၁) နှစ်အထိ ရှိသူများဖြစ် ကြောင်း သိရသည်။စက်ရုံဘက်က ကြိုတင်အသိပေးပြောဆိုခြင်းမရှိဘဲ မတရား အလုပ်ထုတ်ခံရမှုအပေါ် အလုပ်သမားများက ကျေနပ်ခြင်းမရှိသဖြင့် ထိုင်းရောက်မြန်မာလုပ် သားအရေးကူညီဆောင်ရွက်ပေးနေသည့် M.H.A.C မဟာမိတ်အဖွဲ့ ကိုရဲမင်းထံ ဆက်သွယ်အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ပါကျင်ဘူရီမြို့ရှိ (RCLY) စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့်မြန်မာရွှေ့ပြောင်းလုပ်သား(၇၀)ကျော် မတရား အလုပ်ထုတ်ခံရ
Apr 26 • 10:05 AM
မြန်မာ
ပြည်ပ
မျှဝေမည်
12 | 0 | 0 | 0 |