ရီးရယ်လ်အသင်းဟာ ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲကို ယှဉ်ပြိုင်မယ်လို့ အတည်ပြုခဲ့ပေမယ့် ဒိုင်လူကြီးတွေအပေါ် ဝေဖန်မှုတွေ ဆက်ပြီးရှိနေတာဖြစ်ပါတယ်။ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲကို ကိုင်တွယ်မယ့် ကွင်းလယ်ဒိုင်လူကြီး ရီကာဒိုက သူဟာ ဘာစီလိုနာအသင်းကို ဘက်လိုက်မှု ရှိတယ်ဆိုပြီး ရီးရယ်လ်အသင်း TV က သူ့ကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့် သူ့ရဲ့သားဖြစ်သူဟာ ကျောင်းမှာ အနိုင်ကျင့်ခဲ့ရတဲ့ အကြောင်းပြောကာ မီဒီယာသမားတွေရှေ့မှာ ငိုကြွေးခဲ့တာပါ။ 
| 20 | 0 | 0 | 0 |


