“ဦးဇင်းတို့ ကျောင်းမှာရှိနေတဲ့ ယာယီစစ်ဘေးရှောင်တွေကိုပေါ့ ခေတ္တခဏပေါ့နော် သူတို့ဘဝ အဆင်ပြေအောင် နိစ္စဓူဝ ထမင်းချက်စားနေရတဲ့ ထမင်းကို ဦးဇင်းကနေပြီးတော့ ဒါကို Idea လေးရတာနဲ့ မီးဘေလည်း သက်သာတာပေါ့နော်။ မီးဘေက တစ်လကိုသိန်း ၃၀ ကျော် ၄၀ နီးပါးလောက်ရှိတော့ အဲဒါကို သက်သာအောင် ဂက်စ်အိုးနဲ့ထမင်းချက်လို့ရအောင် ဂက်စ်အိုးတွေကို ယာယီစစ်ဘေးရှောင်တွေကို ဦးဇင်း ကိုသန်းဆွေနဲ့ တိုင်ပင်ပြီး Idea လေးတစ်ခုရတယ်ပေါ့နော်။ နေ့စဉ်နဲ့တကွ အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ညနေစာသူတို့ ချက်ပြုတ်ဖို့အတွက် အမြဲတမ်း လိုအပ်နေတယ်လေ။ ဂက်စ်အိုးကိုမရှိမဖြစ် ဦးဇင်းလှူဒါန်းမယ်ဆိုပြီး Idea လေးရတာနဲ့ လှူဒါန်းခြင်း ဖြစ်တာပေါ့” ဆရာတော်အသျှင်ကုမာရက မိန့်ဆိုပါတယ်။
မီတာခသက်သာအောင် ယာယီစစ်ဘေးရှောင်တွေ မရှိမဖြစ်လိုအပ်နေတဲ့ ဂက်စ်အိုးတွေ လှူဒါန်းခဲ့တဲ့ ဆရာတော်အသျှင်ကုမာရ
Apr 26 • 9:46 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 32 | 0 | 0 | 0 |


