ဧပြီ ၂၆ သတင်းအရ အပူချိန်မြင့်မားလာခြင်းနှင့်အတူ လျှပ်စစ်မီးမမှန်ခြင်းကြောင့် ရန်ကုန်မြို့ရှိ အရိပ်ရနေရများ နှင့် အများပြည်သူသွားလာတတ်သော ဈေးဝယ်စင်တာလိုနေရာများတွင် လာရောက်အပူရှောင်သူ များလာကြောင်း သိရသည်။သင်္ကြန်ကာလအပြီး ရန်ကုန်တွင် အပူချိန်မြင့်မားလာပြီး လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်လာခြင်းကြောင့် နေ့လယ်နေ့ခင်း အပူချိန်အလွန်ပူပြင်းသည့်အချိန်တွင် အများပြည်သူသွားလာတတ်သော ပန်းခြံများနှင့် ဈေးဝယ်စင်တာကြီးများတွင် အပူရှောင်သည့်အနေဖြင့် လာရောက်အပူရှောင်ခြင်းများ ပြုလုပ်လာကျပြီး ရပ်ကွက်အတွင်းမှာလည်း အရိပ်ရသော သစ်ပင်ကြီးများ၊ဘောလုံးကွင်း၊ ရေကန်များ၊ အစရှိသည့် နေရာများတွင် အပူရှောင်သူများလာကြောင်း သိရသည်။
Apr 26 • 9:41 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 22 | 0 | 0 | 0 |


