ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ ခေါင်လွမ်မြို့နယ်၊ ခေါင်နိမ်ကျေးရွာရှိ ခေါင်လွမ် ၂၇ လမ်းသွယ်၌ လာမည့် ဧပြီလ ၂၇ ရက်နေ့တွင် ဆုန်ကရန်ပွဲတော် ထပ်မံကျင်းပသွားမည်ဟု ပွဲတော်ကျင်းပရေးကော်မတီက အသိပေးကြေညာထား သည်။ပွဲတော်အတွင်း ရေးကစားခြင်းနှင့်အတူ ဖျော်ဖြေရေး အစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး၊ ပွဲကျင်းပသောနေရာသို့ မော်တော်ယာဉ်များ ဝင်ရောက်ခွင့်မပြုကြောင်း သိရသည်။လာရောက်လည်ပတ်သူများကို အလှူရှင်များက စားသောက်ရုံ၌ အချိုရည်နှင့် စားသောက်ဖွယ်ရာများကို အခမဲ့ စတုဒီသာ ကျွေးမွေးသွားဖြစ်ကြောင်း သိရသည်။စည်းကမ်းချက်အနေဖြင့် ပွဲတော်အတွင်း တုတ်၊ ဓါး၊ လက်နက် ယူဆောင်ခွင့်မပြုကြောင်း၊ မော်တော်ယာဉ်များအား မိမိအစီအစဉ်ဖြင့် ရပ်နားရန်နေရာရှာရမည်ဖြစ်ကြောင်း သိရသည်။


