အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ တဆင့် ငလျင်ဘေးသင့်ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွက် ငွေကျပ် ၅၀ ဘီလီယံနဲ့ မန္တလေးတိုင်းဒေသကြီးအတွက် ငွေကျပ် ၆၀ ဘီလီယံ လက်ဝယ်ပေးအပ်ခဲ့ပြီးဖြစ်သလို နေပြည်တော်ကောင်စီ နယ်မြေအတွက် ၁၀ ဘီလီယံနဲ့ ရှမ်းပြည်နယ်အတွက် ၅ ဘီလီယံ ပေးအပ်ထားတယ်လို့ သိရပါတယ်။ အဲဒီငွေတွေကို ပေးအပ်ရတဲ့အကြောင်းရင်းကတော့ ပုဂ္ဂလိက အဆင့်မြင့် အဆောက်အဦးတွေရဲ့ ပိုင်ရှင်အချို့က ပျက်စီးသွားတဲ့ သူတို့ရဲ့ အဆောက်အဦးတွေကို ပြန်လည်ရှင်းလင်းနိုင်ဖို့ ငွေကြေးမတတ်နိုင်တဲ့အတွက် နိုင်ငံတော်ဘက်က တက်နိုင်သမျှ ကူညီပေးဖို့ တင်ပြချက်အရ ပေးအပ်တာဖြစ်တယ်လို့ ဒုတိယဥက္ကဋ္ဌကတော့ ပြောဆိုလိုက်ပါတယ်။
Apr 26 • 7:47 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


