ရှမ်းယူနိုက်တက် အသင်း၏ Myanmar National League Cup 2025 အုပ်စုပွဲများ စာရင်းထွက်ပေါ်လာခဲ့ပါတယ်။MNL Cup 2024 တွင် အုပ်စုပွဲများကို(၂) ကျော့ ကစားစေပြီး၊ ဆီမီးဖိုင်နယ်၊ ဖိုင်နယ်ပုံစံဖြင့် ကစားခဲ့သော်လည်း ယခုနှစ် MNL Cup 2025 တွင်မူ အုပ်စုပွဲစဉ်များကို (၁) ကျော့၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ် ပုံစံဖြင့်
ကစားရမှာ ဖြစ်ကာရှမ်းယူနိုက်တက် အသင်းသည် အုပ်စု (A) တွင်ပါဝင်နေပြီး ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်မည် ဆိုပါက အုပ်စု (D) မှ တက်လာသောအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ကာအုပ်စုပွဲများကို ဧပြီလ (၂၉) ရက်နေ့မှ ဇွန်လ (၁၄)ရက်နေ့အထိ၊ ရှုံးထွက် ပွဲများကို ဇွန်လ (၁၈) ရက်နေ့မှ ဇူလိုင်လ (၆) ရက်နေ့အထိ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပြီးMNL Cup 2024 ချန်ပီယံ ရှမ်းယူနိုက်တက် အသင်းသည် ယခုနှစ် MNL CUP 2025 ပြိုင်ပွဲတွင်ချန်ပီယံဘွဲ့ ကာကွယ်နိုင်ရေးကို ပစ်မှတ်ထားယှဉ်ပြိုင် သွားမှာ ဖြစ်ပါတယ်။


