back

အဆိုတော်ရဲနောင်ဟာ တစ်ဦးတည်းကျန်ခဲ့တဲ့ သားလေး ဝါဆိုကို ရှင်ပြုပေးခဲ့

Apr 26 • 5:24 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အဆိုတော်ရဲနောင်ဟာ တစ်ဦးတည်းကျန်ခဲ့တဲ့ သားလေး ဝါဆိုကို ရှင်ပြုပေးခဲ့

အဆိုတော်ရဲနောင်ဟာ တစ်ဦးတည်းကျန်ခဲ့တဲ့သားလေး ဝါဆိုကို ရှင်ပြုပေးဖို့အတွက် အလှူခရီးသွားနေခဲ့တာဖြစ်တယ်လို့ ရဲနောင်က အသိပေးလာပါတယ်။ သားဝါဆိုဟာ Sky Villa Condo ပြိုက...

အဆိုတော်ရဲနောင်ဟာ တစ်ဦးတည်းကျန်ခဲ့တဲ့

သားလေး ဝါဆိုကို ရှင်ပြုပေးဖို့အတွက် အလှူခရီးသွားနေခဲ့တာဖြစ်တယ်လို့ ရဲနောင်က အသိပေးလာပါတယ်။ သားဝါဆိုဟာ Sky Villa Condo ပြိုကျမှုမှာ မိသားစုလိုက်ကို ဆုံးရှုံးထားခဲ့ရပြီး တစ်ဦးတည်း ကျန်ရစ်နေခဲ့တာဖြစ်ကာ သားလေးဝါဆိုကိုတော့ အဒေါ်ဖြစ်တဲ့ ရဲနောင်ရဲ့ အမျိုးသမီးဖြစ်သူက တူသဖွယ်၊ သားအရင်းလေးသဖွယ် စောင့်ရှောက်ပေးသွားမှာဖြစ်လို့ ထွက်သွားတဲ့ မိသားစုတွေစိတ်ချနိုင်အောင် ကတိပေးခဲ့ပါတယ်။ သားလေးဝါဆိုကိုတော့ ရှင်ပြုပေးခဲ့ကြပြီး ပြုသမျှကုသိုလ်တွေအားလုံးကို မိသားစုတွေရရှိစေဖို့ ဆုတောင်းလိုက်ပါတယ်။



news-view-count-icon

24