ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် (၈)လအတွင်း အပြင်လူနာ၊ အတွင်းလူနာ စုစုပေါင်း (၉၅,၂၅၈)ဦး၏ အထူးဒေသ(၁)ကျန်းမာရေး ဝန်ထမ်းများက ဆေးကုသပေးနိုင်ခဲ့ပါတယ်။မြို့အတွင်း လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၂၀၂၄)ခုနှစ်စက်တင်ဘာ (၁၀)ရက်မှ (၂၀၂၅)ခုနှစ် ဧပြီလ(၈)ရက်နေ့အထိ (၈)လကြာ ကျန်းမာရေး ကဏ္ဍတွင် အောင်မြင်စွာ လည်ပတ်နိုင်ခဲ့ကြောင်း ဖော်ပြထားသလိုအထူးဒေသ(၁)ကျန်းမာရေး ဝန်ထမ်းများသည် ပြည်သူများအတွက် စိန်ခေါ်မှုများစွာကြားမှ ဌက်ဖျားကာကွယ်ရေး လုပ်ငန်းစဉ်များ၊ မွေးကင်းစမှ (၅)နှစ်အောက်ကလေးငယ်တိုင်း ကာကွယ်ရေးထိုးနှံရေး လုပ်ငန်းများ၊ လည်ပင်းကြီးရောဂါ အခမဲ့ ခွဲစိတ်ကုသပေးခြင်း၊ မျက်စိအတွင်းတိမ် အခမဲ့ခွဲစိတ်ကုသပေးခြင်း၊ ခြေတုလက်တု အခမဲ့တပ်ဆင်ပေးခြင်းနှင့် အခြားသော ကျန်းမာရေးလုပ်ငန်းစဉ်များစွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။
Apr 26 • 5:15 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 19 | 0 | 0 | 0 |


