(၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့၊ နံနက် ၁၀နာရီ၃၀ မိနစ်အချိန်ထုတ်ပြန်ချက်အရရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်ဖြစ်ကာအမြင့်တာအားဖြင့် ၄ မိုင်နဲ့ မိုးရွာစဉ် ၁ မိုင်ခန့်ရှိကာရေပြင်လေမှာ-အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၅မိုင်မှ၁၀ မိုင်၊ ထိတစ်ခါတစ်ရံ ၁၅ မိုင်မှ မိုင် ၂၀ထိဖြစ်ကာလှိုင်းအခြေအနေမှာလှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည် ဖြစ်ရာ
လှိုင်းအမြင့်မှာ၄ ပေမှ ၇ ပေခန့်ထိရောက်ရှိနိုင်ကာ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ-တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကာအမြင့်တာအားဖြင့် ၅ မိုင်ခန့်ရေပြင်လေဟာအနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ ၁၅ မိုင်မှ မိုင် ၂၀ထိတိုက်ခတ်ကာလှိုင်းအခြေအနေမှာလှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ရာလှိုင်းအမြင့်မှာ ၄ ပေမှ ၇ ပေခန့်ထိရောက်နိုင်ပါတယ်။


