အခုရက်ပိုင်းမြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေအထိ မိုးရွာနိုင်ပြီး မိုးကြီးပါကမြေပြို၊ယာယီတဲများ၌ရေကြီးခြင်းများဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပြီးဧပြီလ ၂၈ရက်၊၂၉ ရက်နဲ့ ၃၀ ရက်တွေအတွင်း ECMWF model က မန္တလေးတိုင်းတောင်ပိုင်းမှာ မိုးများနိုင်ကြောင်းပြနေပြီး ICON model က ရှမ်းပြည်နယ်တောင်ပိုင်းမှာ မိုးများနိုင်ကြောင်းပြနေတာတွေ့ရတယ်လို့ ဆိုပါတယ်။မတူညီတဲ့ ဥရောပမော်ဒယ် (၂)ခုက ပြနေတဲ့ မိုးများနိုင်ကြောင်းခန့်မှန်းနေရာတွေဟာ ငလျင်ဒဏ်သင့်ဒေသတွေဖြစ်တာကြောင့် မိုးများရင် ဖြစ်လာနိုင်တဲ့ မြေကျွံခြင်း၊ မြေပြိုခြင်း၊ ယာယီတည်ဆောက်ထားတဲ့စခန်းများအတွင်း ရေကြီးနိုင်ခြင်းတို့ကို သတိပြုကြရမှာဖြစ်တယ်လို့ သိရပါတယ်။
အခုရက်ပိုင်းမြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေအထိ မိုးရွာနိုင်၍ မြေပြိုကာ ယာယီတဲများ၌ရေကြီးခြင်းများဖြစ်ပေါ်နိုင်
Apr 26 • 4:14 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


