back

စစ်ကိုင်းတိုင်း၊ကချင်ပြည်နယ် အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ မိုးရွာနိုင်

Apr 26 • 3:31 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

စစ်ကိုင်းတိုင်း၊ကချင်ပြည်နယ် အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ မိုးရွာနိုင်

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်၊အလယ်ပိုင်းစစ်ကိုင်းတိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ နောက် ၂ရက် အထိ မိုးရွာနိုင်ခြေရှိနေတယ်လို့ မြ...

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်၊အလယ်ပိုင်းစစ်ကိုင်းတိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ နောက် ၂ရက် အထိ မိုးရွာနိုင်ခြေရှိနေတယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နောက် ၂ရက် အထိ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ခြေရှိနေတာဖြစ်ပြီးနေပြည်တော်၊ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ ယနေ့ မိုးရွာနိုင်ခြေမရှိဘဲ တိမ်အသင့်သင့် ဖြစ်ထွန်းနိုင်ခြေ ရှိတယ်လို့ ထုတ်ပြန်ချက် အရ သိရပါတယ်။




news-view-count-icon

27