back

ရန်ကုန်တိုင်း၊အမှတ်(၃)လမ်းမကြီး ရခိုင်ကျောင်း မှတ်တိုင်အနီး ကားတိုက်ခံရပြီး အမျိုးသားကြီးတစ်ဦးသေဆုံးခဲ့

Apr 26 • 2:57 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန်တိုင်း၊အမှတ်(၃)လမ်းမကြီး ရခိုင်ကျောင်း မှတ်တိုင်အနီး ကားတိုက်ခံရပြီး အမျိုးသားကြီးတစ်ဦးသေဆုံးခဲ့

ယနေ့ဧပြီလ (၂၆)ရက် မနက်ပိုင်းကရန်ကုန်တိုင်း၊ မဂ်လာဒုံမြို့နယ် အမှတ်(၃)လမ်းမကြီး ရခိုင်ကျောင်းကားမှတ်တိုင်အနီးတွင် အမျိုးသားကြီးတစ်ဦး ကားနဲ့တိုက်ခံခဲ့ရပြီး နေရာတ...

ယနေ့ဧပြီလ (၂၆)ရက် မနက်ပိုင်းကရန်ကုန်တိုင်း၊ မဂ်လာဒုံမြို့နယ် အမှတ်(၃)လမ်းမကြီး ရခိုင်ကျောင်းကားမှတ်တိုင်အနီးတွင် အမျိုးသားကြီးတစ်ဦး ကားနဲ့တိုက်ခံခဲ့ရပြီး နေရာတွင်သေဆုံးခဲ့ပါတယ်။သေဆုံးသူအမျိုးသားမှာ နေရာတွင်ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပြီး နေရပ်လိပ်စာကိုတော့ မသိရှိရသေးဘူးလို့ သွားရောက်ကူညီကယ်ဆယ်ပေးခဲ့သူ ပုလဲအရန်မီးသတ်တပ်ဖွဲ့ ကိုထင်လင်းအောင် ကပြောပါတယ်။သေဆုံးသူအမျိုးသားမှာ အသက်၆၀ကျော်အရွယ်ဝန်းကျင်ရှိပြီး အနီးပတ်ဝန်းကျင်ကို မေးမြန်းရာ မှာတော့ ကားတိုက်ခံခဲ့ရပေမယ့် ဘာကားတိုက်သွားလဲဆိုတာကိုတော့ မသိရှိရသေးဘူးလို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။လက်ရှိအချိန်မှာတော့ သေဆုံးသူအမျိုးသား အလောင်းကို မြောက်ဥက္ကလာပမြို့နယ် မေဓါဝီဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး သေဆုံးသူကို သိရှိသူများအနေနဲ့ ဆက်သွယ်ပေးကြရန် အကူအညီတောင်း ခံထားပါတယ်။



news-view-count-icon

35