ထိုင်း ဒုတိယ ဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး Pichai Chunhavajira က ထိုင်းကို ဝင်လာတဲ့ အရည်အသွေးနိမ့် ကုန်ပစ္စည်းတွေကို ထိရောက်စွာ စစ်ဆေးဖို့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို ညွှန်ကြားလိုက်ပါတယ်။ ဒါ့အပြင် အစိုးရဟာ နိုင်ငံခြားသား ပိုင်ဆိုင်မှု ဥပဒေကို ချိုးဖောက်နေတဲ့ ထိုင်းနိုင်ငံသား အမည်ခံ နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေကို နှိမ်နင်းဖို့လည်း ညွှန်ကြားလိုက်ပါတယ်။ Pichai က ထိုင်းကို အရည်အသွေးနိမ့်တဲ့ ကုန်ပစ္စည်းများစွာ ဝင်ရောက်လာပြီး ထိုင်းက ထုတ်တဲ့ ကုန်ပစ္စည်းပါလို့ လိမ်လည်ကာ နိုင်ငံခြားကို တင်ပို့မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ 
ထိုင်း အစိုးရက အရည်အသွေးနိမ့်တဲ့ ကုန်ပစ္စည်းတင်သွင်းမှုနဲ့ ထိုင်းနိုင်ငံသား အမည်ခံထားတဲ့ နိုင်ငံခြားသားပိုင် လုပ်ငန်းတွေကို ထိထိရောက်ရောက် နှိမ်နင်းမည်
Apr 26 • 2:46 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 23 | 0 | 0 | 0 |


