ထိုင်းနိုင်ငံမှာ လေထီးလေ့ကျင့်မှုအတွက် လေ့ကျင့်ပျံသန်းနေတဲ့ လေယာဉ်ငယ်တစင်း ပင်လယ်ထဲ ပျက်ကျမှုကြောင့် ထိုင်းရဲအရာရှိ ခြောက်ယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။လေယာဉ်ဟာ ဘန်ကောက်မြို့အနောက်တောင်ဘက် ကီလိုမီတာ ၁၃၀ အကွာ ကမ်းရိုးတန်းအပန်းဖြေနေရာဖြစ်တဲ့ ချာအန်းခရိုင်မှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ ရဲအရာရှိ ငါးယောက်ဟာ အခင်းဖြစ်ရာနေရာမှာ သေဆုံးခဲ့ပြီး ကျန်တယောက်ကတော့ ဆေးရုံမှာ သေဆုံးခဲ့တာလို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။သေဆုံးသွားတဲ့ အရာရှိတွေကတော့ လေယာဉ်မှူး သုံးယောက်၊ အင်ဂျင်နီယာတယောက်နဲ့ စက်ပြင်ဆရာနှစ်ယောက်တို့ ဖြစ်ပြီး အသက်ဆုံးရှုံးသွားတဲ့ အရာရှိတွေအတွက် အလေးအနက် ဝမ်းနည်းကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Apr 26 • 2:41 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 14 | 0 | 0 | 0 |


