back

ဒဏ်ရာကြောင့် မက်ဒရစ်အိုးပင်းမှ စပိန်တင်းနစ်သမားအယ်ကာရက်ဇ် နုတ်ထွက်

Apr 26 • 2:37 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဒဏ်ရာကြောင့် မက်ဒရစ်အိုးပင်းမှ စပိန်တင်းနစ်သမားအယ်ကာရက်ဇ် နုတ်ထွက်

ဒဏ်ရာပြဿနာတွေကြောင့် အခုတစ်ပတ် စတင်ကျင်းပမယ့် မက်ဒရစ်အိုးပင်းပြိုင်ပွဲကို ဝင်ပြိုင်နိုင်မှာ မဟုတ်ဘူး လို့ စပိန်တင်းနစ်သမား အယ်ကာရက်ဇ်က အတည်ပြုခဲ့ပါတယ်။ အယ်ကာရက်...

ဒဏ်ရာပြဿနာတွေကြောင့် အခုတစ်ပတ် စတင်ကျင်းပမယ့် မက်ဒရစ်အိုးပင်းပြိုင်ပွဲကို ဝင်ပြိုင်နိုင်မှာ မဟုတ်ဘူး လို့ စပိန်တင်းနစ်သမား အယ်ကာရက်ဇ်က အတည်ပြုခဲ့ပါတယ်။ အယ်ကာရက်ဇ်ဟာ ဘာစီလိုနာအိုးပင်း ဗိုလ်လုပွဲမှာ တံကောက်ကြောနဲ့ ပေါင်ခြံဒဏ်ရာတွေ ရခဲ့တာဖြစ်ပြီး ဒဏ်ရာ အခြေအနေ တိုးတက်ကောင်းမွန်လာစေဖို့အတွက် မက်ဒရစ်အိုးပင်းကို ဝင်မပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အယ်ကာရက်ဇ်က ပြောပါတယ်။ဘာစီလိုနာအိုးပင်း ဗိုလ်လုပွဲအပြီး အခုချိန်ထိ လေ့ကျင့်မှုတွေ မလုပ်နိုင်သေး သလို ဆရာဝန်ရဲ့ အကြံပေးမှုအရ အနားယူဖို့ လိုအပ်တယ်လို့ သိရှိရတဲ့အတွက် အခုလိုမျိုးဆုံးဖြတ်ချက် ချလိုက် တာဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၂၁ နှစ်အရွယ် အယ်ကာရက်ဇ်ဟာ အခုလအစောပိုင်းမှာ မွန်တီကာလို မာစတာပြိုင်ပွဲချန်ပီယံဆုကို ရယူနိုင်ခဲ့ပေမယ့် ဘာစီလိုနာအိုးပင်း ဗိုလ်လုပွဲမှာတော့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံဆုနဲ့ ဝေးကွာခဲ့ရတာ ဖြစ်ပါတယ်။

news-view-count-icon

26