သရုပ်ဆောင်အောင်မင်းခန့်နဲ့ Grace Htoo တို့ရဲ့ သမီးဦးလေးဟာ ၃ ရက်သားသမီးလေးသာရှိသေးပေမယ့် မျက်လုံး၊ မျက်ခုံး ၊ မျက်ရစ် ပေါ်ပေါ်နဲ့ ချောမောလှပနေတာကိုတွေ့ရပါတယ်။ သမီးဦးလေး Aura ကို ဧပြီလထဲမှာပဲမွေးဖွားခဲ့ပြီး ဖေဖေ၊ မေမေတို့နဲ့အတူ အမေရိကမှာပဲ ဖွားမြင်ခဲ့တာပါ။ သရုပ်ဆောင်အောင်မင်းခန့်ကတော့ သမီးလေးရဲ့ပုံလေးတွေကိုကြည့်ပြီး ချစ်မဝဖြစ်နေတာကိုတွေ့ရပါတယ်။



