ယနေ့ဧပြီ၂၆ရက် မနက်အစောပိုင်းကရန်ကုန်တိုင်း အလုံမြို့နယ် ကမ်းနားလမ်း မီးသတ်စခန်းအနီးတွင် TOYOTA WISH ကိုယ်ပိုင်အဖြူရောင် ကားမှာ ရပ်ထားတဲ့ကား၃စီးကို ဝင်တိုက်ခဲ့လို့ လူ၅ဦး ဆေးရုံပို့ထားရပါတယ်။အဆိုပါကားမှာ ဆန့်ကျင်ဖက်ယာဉ်ကြောသို့ ရောက်ရှိလာပြီးနောက် တိုက်ရှေ့တွင် ညအိပ်ရပ်နားထားတဲ့ ကား(၃)စီးကို အရှိန်ပြင်းစွာဝင်တိုက်ခဲ့တာ ဖြစ်ပြီးကိုယ်ပိုင်ယာဉ်ပေါ်တွင် လိုက်ပါလာသူ စုစုပေါင်း(၆)ဦးတွင် အမျိုးသား၂ဦးနဲ့ အမျိုးသမီး၃ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် အလုံမြို့နယ်ကြက်ခြေနီ အသင်းနဲ့ အေးမေတ္တာလူမှုကူညီရေးအသင်း ကားများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရပါတယ်။



