back

ကလေးမြို့ကကျောင်းသား/သူ ၁ ထောင်ကျော်တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုဖို့အခက်အခဲများစွာရှိနေ

Apr 25 • 3:18 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ကလေးမြို့ကကျောင်းသား/သူ ၁ ထောင်ကျော်တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုဖို့အခက်အခဲများစွာရှိနေ

ကလေးမြို့စာစစ်ဌာနများမှ တက္ကသိုလ်ဝင် စာမေးပွဲ အဖြေလွှာများဟာ မန္တလေးငလျင် ဒဏ်ကြောင့် ပျက်စီး မီးလောင်ခဲ့တာကြောင့် ဇွန်လ ၁၆ ရက်နေ့မှာ ပြန်လည်ကျင်းပမယ့် တက္ကသိုလ်...

ကလေးမြို့စာစစ်ဌာနများမှ တက္ကသိုလ်ဝင် စာမေးပွဲ အဖြေလွှာများဟာ မန္တလေးငလျင် ဒဏ်ကြောင့် ပျက်စီး မီးလောင်ခဲ့တာကြောင့် ဇွန်လ ၁၆ ရက်နေ့မှာ ပြန်လည်ကျင်းပမယ့် တက္ကသိုလ်ဝင် စာမေးပွဲ ကို ကလေးမြို့မှာ အရင်တိုင်း စာစစ်ဌာန အပြောင်းအလဲ မရှိဘဲ စာစစ်ဌာန ၃ နေရာ ကနေ ဖြေဆိုသွားကြမှာ ဖြစ်ပါတယ်။ ကလေးမြို့က တက္ကသိုလ်ဝင်တန်းကျူရှင် ဆရာ တစ်ဦး က “ချင်းတောင် နဲ့ နယ်တွေမှာ ကျောင်းမဖွင့်တော့ စစ်ရှောင် တော်တော်များက ကလေးမြို့မှာ ကျောင်းလာ တက်ကြတာ။ စာမေးပွဲ ဖြေပြီးတာ နဲ့ တချို့ ကလေးတွေ ခရီးဝေး သွားကြတယ်။ တချို့က နယ် ပြန်တယ်။ တချို့က နိုင်ငံခြားထိ ရောက်သွားတာ တွေ ရှိတယ်။ သူတို့အားလုံး စာမေးပွဲရက် အမှီ ပြန်လာ နိုင်ဖို့ ဆိုတာ အတော် ခက်ခဲမယ့် ကိစ္စပဲ။ နယ်က ကျောင်းသားတွေဆို လာတာ ပြင်ဆင်တာနဲ့တင် ဒီ ရက် ၅၀ က ကုန်သွားမှာပဲ။ သူတို့ စိတ်ထဲမှာ စာတောင် ရှိမှာ မဟုတ်တော့ဘူး” လို့ မှတ်ချက်ပေးပါတယ်။


news-view-count-icon

11