ရာသီသစ်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် ရှမ်းယူနိုက်တက် အသင်းသည် ယနေ့ ညနေပိုင်းက စလင်းကွင်းတွင် Chinland FC နှင့်ခြေစမ်းခဲ့ရာရှမ်းယူနိုက်တက် အသင်းအတွက် ရဲရင့်အောင်က(၂) ဂိုးနှင့် ခွန်ကျော်ဇင်ဟိန်းက (၁) ဂိုး သွင်းယူခဲ့သလို Chinland FC အတွက် ဟိန်းသက်ဖြိုးက သွင်းယူခဲ့သည်။ ခြေစမ်းပွဲကို မိနစ် (၃၀) ၃ ပိုင်း ကစားခဲ့ပြီး ရှမ်းယူနိုက်တက် အသင်း ကစားသမား အားလုံးနီးပါးပါဝင် ကစားခဲ့သည်။



