တရုတ်နိုင်ငံမှာ ပင်မထုတ်လုပ်မှုရှိတဲ့ ဂျပန်အိမ်သုံးပစ္စည်းထုတ်ကုမ္ပဏီဟာ အမေရိကန်ပြည်ထောင်စုမှာ ထုတ်လုပ်မှု မြှင့်တင်မှာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်အစိုးရတွေအကြား ကုန်သွယ်ရေးအရ သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်နေချိန်မှာ ဒီလုပ်ဆောင်မှု ထွက်ပေါ်လာတာပါ။ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၁၃ သန်းလောက် ရှိမှာဖြစ်ပါတယ်။ Iris Ohyama က အမေရိကန်ရှိ သူ့ရဲ့ကုမ္ပဏီအုပ်စုဟာ ပြည်တွင်းစက်ရုံ ၄ ခုစလုံးမှာ သူ့ရဲ့ ပလတ်စတစ်ပုံသွင်းလုပ်ငန်းကို တိုးချဲ့မယ်လို ကြေညာခဲ့ပါသည်။



