မြန်မာ - တရုတ်နယ်စပ်၊ ရွှေလီရောက် အထောက်အထား မပြည့်စုံတဲ့ မြန်မာ လုပ်သားတွေကို လတ်တလော နေထိုင်ရာ အခန်းတွေထိ ဖမ်းဆီးနေကြောင်း သိရပါတယ်။ ရွှေလီစက်မှုဇုံ၊ တောင်ပေါ်စျေးဘက်က မြန်မာ လုပ်သား တရားမဝင်တွေရော၊ တပတ်ကတ်တွေရော အယောက် ၅၀ ကျော်လောက်ပါသွားပြီး တယောက်ကို တရုတ် ယွမ် ၃၀၀၀ စီနဲ့ ပြန်ရွေးခဲ့ရဖူးကြောင်း ရွှေလီရောက် မြန်မာနိုင်ငံသားတွေဆီက သိရသည်။



