တအာင်းဒေသ နမ့်ဆန်မြို့နယ် အာရမ်းကျေးရွာအုပ်စုထဲက ကျေးရွာတစ်ရွာမှ အသက် ၅ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ခံရမှုမှာ သံသယရှိသူ အမျိုးသားကို ဖမ်းဆီးထားပြီးအဆိုပါ အမျိုးသားကို နမ့်ဆန်မြို့နယ် ရဲတပ်ဖွဲ့က မနေ့ ဧပြီ ၂၄ ရက်မှာ သွားရောက် ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှု ပြုလုပ်နေတယ်လို့သိရပါသည်။ပြစ်မှု ကျူးလွန်ခဲ့သူကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ဖို့ ရဲတပ်ဖွဲ့ဘက်က အဓမ္မ ပြုကျင့်ခံရတဲ့ ကလေးငယ်ရဲ့ မိဘနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါသည်။



