back

ငလျင်အပြီး ဘိလပ်​မြေစက်ရုံမှ ဘိလပ်မြေတန်ချိန် (၆၀,၀၀၀) ထုတ်လုပ်

Apr 25 • 12:27 PM

breaking-news

မြန်မာ

မန္တလေး

cover

ငလျင်အပြီး ဘိလပ်​မြေစက်ရုံမှ ဘိလပ်မြေတန်ချိန် (၆၀,၀၀၀) ထုတ်လုပ်

ဧပြီ ၂၄ ရက်နံနက်ပိုင်းက မန္တလေးတိုင်း၊ သာစည်မြို့နယ်ရှိ ရွှေတောင်ဘိလပ်မြေကုမ္ပဏီလီမိတက်၏ အပါချီဘိလပ်မြေစက်ရုံ(ပြည်ညောင်) စက်ရုံမှတာဝန်ရှိသူများအား မှာကြားခဲ့ခြင...

ဧပြီ ၂၄ ရက်နံနက်ပိုင်းက မန္တလေးတိုင်း၊ သာစည်မြို့နယ်ရှိ ရွှေတောင်ဘိလပ်မြေကုမ္ပဏီလီမိတက်၏ အပါချီဘိလပ်မြေစက်ရုံ(ပြည်ညောင်) စက်ရုံမှတာဝန်ရှိသူများအား မှာကြားခဲ့ခြင်းဖြစ်သည်။အပါချီဘိလပ်မြေစက်ရုံ၌ တစ်နေ့လျှင် တန် (၄,၀၀၀) နှင့် တန် (၁,၅၀၀) လည်ပတ်ထုတ်လုပ်နိုင်သည့် လိုင်း (၂)လိုင်းတပ်ဆင်ထားပြီး ၂၀၂၅ ခုနှစ်၊ ဧပြီ ၅ ရက်မှ ၂၂ ရက်အထိ ကလင်ကာတန်ချိန် (၈၀,၀၀၀) ခန့်ထုတ်လုပ်ခဲ့ကာ ဘိလပ်မြေကြိတ်စက်ရုံကို ငလျင်လှုပ်ခတ်ပြီးချိန်တွင် (၃)နာရီခန့်ရပ်တန့်၍ စက်များကို စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ယနေ့အချိန်ထိ တစ်စပ်တစ်ဆက်တည်းလည် ပတ်၍ ဘိလပ်မြေတန်ချိန် (၆၀,၀၀၀) ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချပေးခဲ့သည်။



news-view-count-icon

25