back

ကော့ကရိတ်မြို့အတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်ပြီး စားသောက်ကုန်ဈေးနှုန်းမြင့်တက်

Apr 25 • 12:23 PM

breaking-news

မြန်မာ

ကရင်

cover

ကော့ကရိတ်မြို့အတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်ပြီး စားသောက်ကုန်ဈေးနှုန်းမြင့်တက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း မြို့အဝင်အထွက်လမ်းကြောင်းများအားလုံးကို ပိတ်ပင်ထားသဖြင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ပုံမှန်ပေါက်ဈေးထက် နှစ်ဆနီးပါးမြင့်တက...

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း မြို့အဝင်အထွက်လမ်းကြောင်းများအားလုံးကို ပိတ်ပင်ထားသဖြင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ပုံမှန်ပေါက်ဈေးထက် နှစ်ဆနီးပါးမြင့်တက်လာကြောင်း ဒေသတွင်းသတင်းရင်းမြစ်တို့မှ သိရသည်။ထိုအကြောင့် လက်ရှိတွင် ကြက်ဥတစ်လုံး ၁,၄၀၀ ကျပ်၊ စားသုံးဆီတစ်လီတာ ၁၅,၀၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိသာ ၉,၀၀၀ ကျပ်နှင့် ကြက်သွန်ဖြူတစ်ပိသာ ၂၀,၀၀၀ ကျပ်အထိရှိပြီး ဆန်များကို လိုက်ဝယ်၍မရသည့်အထိ ဖြစ်နေသည်ဟု သိရသည်။ကုန်သည်တချို့တို့ ကြိုတင်သိုလှောင်ထားသည့် ကုန်ပစ္စည်းများဖြင့်ရောင်းချ ပေးနေသော်လည်း ကုန်စ္စည်းအသစ် တင်သွင်းနိုင်ခြင်းမရှိသဖြင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုများစွာဖြစ်ပေါ်လာနေသည်ဟု သိရသည်။



news-view-count-icon

17