ဧပြီ ၂၄ သတင်းအရ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ရန်အောင် (၂)ရပ်ကွက်၊ တပေါင်းကွင်း၌ မြေငလျင်ဒဏ်ခံရသည့် ပြည်သူများအတွက် ဖွင့်လှစ်ထားရှိသည့် မြို့နယ်သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ အဆိုပါစခန်းအတွင်း၌ ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ငလျင်ဒဏ်ကြောင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက်ဆုံးသွားသူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြန်လည်စိစစ်ထုတ်ပေးနေမှု၊ နိုင်ငံသားကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic / Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ပြည်ထောင်စုဝန်ကြီး ပျဉ်းမနားမြို့နယ် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးစခန်း၌ ငလျင်ဒဏ်ကြောင့် ပျက်စီး၊ ပျောက်ဆုံးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြန်လည်စိစစ်ထုတ်ပေးမှု ကြည့်ရှုအားပေး
Apr 25 • 9:33 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 14 | 0 | 0 | 0 |


