back

ဇန်နဝါရီကမှ လမ်းခွဲထားတဲ့ မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာနဲ့ ဇနီးဖြစ်သူ ဆယ်ရာတို့ ပြန်လည် ပေါင်းဖက်ကြဖို့ ကြိုးပမ်းနေ

Apr 25 • 9:32 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဇန်နဝါရီကမှ လမ်းခွဲထားတဲ့ မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာနဲ့ ဇနီးဖြစ်သူ ဆယ်ရာတို့ ပြန်လည် ပေါင်းဖက်ကြဖို့ ကြိုးပမ်းနေ

မန်ချက်စတာ စီးတီး နည်းပြကြီး ပက်ပ် ဂွါဒီယိုလာဟာ ဇနီးဖြစ်သူ ခရစ္စတီးနား ဆယ်ရာနဲ့ ပြန်လည်သင့်မြတ်ဖို့ ကြိုးပမ်းနေတယ်လို့ သတင်းများ ထွက်ပေါ်နေပြီး သူတို့နှစ်ဦး အစေ...

မန်ချက်စတာ စီးတီး နည်းပြကြီး ပက်ပ် ဂွါဒီယိုလာဟာ ဇနီးဖြစ်သူ ခရစ္စတီးနား ဆယ်ရာနဲ့ ပြန်လည်သင့်မြတ်ဖို့ ကြိုးပမ်းနေတယ်လို့ သတင်းများ ထွက်ပေါ်နေပြီး သူတို့နှစ်ဦး အစောပိုင်းက လမ်းခွဲခဲ့ရတဲ့ အံ့အားသင့်စရာ အကြောင်းရင်း တစ်ခုလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ် နည်းပြဟောင်း ဂွါဒီယိုလာဟာ နှစ်ပေါင်း(၃၀)ကျော် လက်တွဲလာခဲ့တဲ့ သူ့ရဲ့ ကြင်ဖော်နဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း အံ့အားသင့်စရာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဒီဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးတဲ့နောက်မှာ နှစ်ဦးစလုံးဟာ သူတို့ရဲ့ လက်ထပ်လက်စွပ်တွေကို ချွတ်ထားခြင်း မရှိတာကို တွေ့ရပါတယ်။ အခုအခါမှာတော့ ဂွါဒီယိုလာနဲ့ ဆယ်ရာတို့ဟာ သူတို့ရဲ့ ဆက်ဆံရေးကို ဒုတိယအခွင့်အရေးတစ်ခု ပေးဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။



news-view-count-icon

19