back

ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ့် ကိုပါဒယ်ရေး ဖိုင်နယ်ပွဲစဉ်ကို ရီးရဲလ်ကစားသမားများဖြစ်သည့် အလာဘာနဲ့ ကာမာဗင်ဂါတို့ လွဲချော်ရဖွယ်ရှိ

Apr 25 • 9:31 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ့် ကိုပါဒယ်ရေး ဖိုင်နယ်ပွဲစဉ်ကို ရီးရဲလ်ကစားသမားများဖြစ်သည့် အလာဘာနဲ့ ကာမာဗင်ဂါတို့ လွဲချော်ရဖွယ်ရှိ

ရီးယဲလ် မက်ဒရစ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညက ဂီတာဖေးအသင်းကို လာလီဂါပွဲစဉ်မှာ (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ဒဏ်ရာရရှိခဲ့တဲ့ နောက်ခံလူ ဒေးဗစ် အလာဘာနဲ့ ကွင်းလယ်လ...

ရီးယဲလ် မက်ဒရစ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညက ဂီတာဖေးအသင်းကို လာလီဂါပွဲစဉ်မှာ (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ဒဏ်ရာရရှိခဲ့တဲ့ နောက်ခံလူ ဒေးဗစ် အလာဘာနဲ့ ကွင်းလယ်လူ အက်ဒူရာဒို ကာမာဗင်ဂါတို့ဟာ ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲစဉ်ကို လွဲချော်ရဖွယ် ရှိနေပါတယ်။ဂီတာဖေးနဲ့ ပွဲစဉ်မှာ တူရကီ ကွင်းလယ်လူ အာဒါ ဂူလာရဲ့ ပထမပိုင်းသွင်းဂိုးက ရီးယဲလ်အတွက် အနိုင်သုံးမှတ်ရစေခဲ့ပြီး လာလီဂါဖလား မျှော်လင့်ချက်ကို ဆက်လက် ရှင်သန်စေခဲ့ပေမယ့် အဆိုပါ အနိုင်ရလဒ်အတွက် အဖိုးအခ ပေးဆပ်ခဲ့ရပြီး နည်းပြ ကားလို့ အန်ဆယ်လော့တီဟာ လာမယ့် စနေနေ့မှာ ပြိုင်ဘက် ဘာစီလိုနာနဲ့ ကစားရမယ့် ကိုပါဒယ်ရေး ဖလား ဗိုလ်လုပွဲမတိုင်မီ အဓိက ကစားသမားတွေဖြစ်တဲ့ ကီလီယန် အမ်ဘာပေနဲ့ ဖာလန် မန်ဒီတို့ကိုလည်း အသုံးပြုနိုင်မှာ မဟုတ်သေးပါဘူး။



news-view-count-icon

17