ကုန်သွယ်ဖက်နိုင်ငံများအပေါ် အခွန်စည်းကြပ်မှုများနှင့်ပတ်သက်ပြီး အမေရိကန်ပြည်နယ် ၁၂ ခုက သမ္မတ ဒေါ်နယ်ထရမ့်၏အစိုးရအဖွဲ့အား ပူးတွဲတရားစွဲဆိုထားကြောင်း သိရသည်။ ကုန်သွယ်ခွန်များ တိုးမြှင့်ခြင်း ကြောင့် စားသုံးသူများကို ထိခိုက်နစ်နာစေကြောင်းလည်း ၎င်းပြည်နယ်များက ပြောကြားသည်။ ပြည်နယ် ၁၂ ခုမှ ညွန့်ပေါင်းအဖွဲ့သည် အမေရိကန်နိုင်ငံတကာကုန်သွယ်မှုတရားရုံး၌ သမ္မတဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့အား တရားစွဲဆိုခဲ့ကြောင်း နယူးယောက်ပြည်နယ်မှ တာဝန်ရှိသူများက ဧပြီလ ၂၃ ရက်တွင် ပြောကြားခဲ့ပြီး အမေရိကန်အစိုးရအဖွဲ့အနေဖြင့် အခွန်စည်းကြပ်မှုကို ရပ်တန့်ရန် တရားရုံးမှချမှတ်သည့်အမိန့်ကို ၎င်းပြည်နယ် များက တောင်းခံလျက် ရှိသည်။
ကုန်သွယ်ဖက်နိုင်ငံများအပေါ် အခွန်စည်းကြပ်မှုများနှင့်ပတ်သက်ပြီး အမေရိကန်ပြည်နယ် ၁၂ ခုက သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့အား တရားစွဲဆို
Apr 25 • 9:29 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 17 | 0 | 0 | 0 |


