back

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မန္တလေးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှု

Apr 25 • 9:27 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မန္တလေးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှု

ဧပြီ ၂၅ သတင်းအရ မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်း မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများကို စာစစ်လုပ်င...

ဧပြီ ၂၅ သတင်းအရ မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်း မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများကို စာစစ်လုပ်ငန်းများဆောင်ရွက်နေသည့် မန္တလေးတက္ကသိုလ်ပင်မအဆောက်အအုံမှာ ထိခိုက်ပြိုကျပျက်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့မှအဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရာ အဆိုပါဒေသများအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်မှ ၂၁ ရက်အထိ ပြန်လည်ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

news-view-count-icon

18