ဧပြီလ၂၃ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မင်းထက်မင်းဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသော ရေယာဉ် တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၇၇၆,၅၀၅) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် MV. MCL-7 ရေယာဉ် တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀,၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ တိုက်ကြီးမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၃၈၆ တန်၊ အခြားသစ် ၃ ဒသမ ၇၁၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၅,၀၇၂) နှင့် အဆိုပါသစ်များတင်ဆောင်ထားသည့် Toyota Probox မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) ကို သစ်တောဥပဒေ အရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၉၆,၄၆၁,၅၇၇ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါတယ်။



