back

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့အထိ အကျိုးသက်ရောက်မည့်ဘက်ထရီလျှပ်စစ်သုံးယာဉ်များရဲ့ အခွန်ဥပဒေ

Apr 25 • 7:12 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့အထိ အကျိုးသက်ရောက်မည့်ဘက်ထရီလျှပ်စစ်သုံးယာဉ်များရဲ့ အခွန်ဥပဒေ

မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များ အသုံးပြုမှုနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန် ပြည်ပမှ Completely Built Up - CBU စနစ်၊ Completely CKD 4 S...

မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များ အသုံးပြုမှုနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန် ပြည်ပမှ Completely Built Up - CBU စနစ်၊ Completely CKD 4 Semi-Knocked Down - SKD စနစ်တို့ဖြင့် တင်သွင်းသည့်ဘက်ထရီမှ လျှပ်စစ်စွမ်းအင်ကို ရယူမောင်းနှင်သည့် ဘက်ထရီလျှပ်စစ်သုံးယာဉ် (Battery Electric Vehicle: BEV) အမျိုးအစားများ၊ ဆက်စပ်ပစ္စည်းများနှင့် အပိုပစ္စည်းများအတွက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် သတ်မှတ်ထားသော အကောက်ခွန်နှုန်းများကို သုညရာခိုင်နှုန်းသို့ လျှော့ချ သတ်မှတ်လိုက်ခြင်း ဖြစ်ပါတယ်။အဆိုပါယာဉ်များမှာလမ်းပေါ်တွင် မောင်းနှင်နိုင်သည့် နောက်တွဲယာဉ်ကို ဆွဲသည့်ယာဉ် (Road tractor for Semi-trailer)ယာဉ်မောင်းအပါအဝင် (၁၀) ဦး သို့မဟုတ် (၁၀) ဦးနှင့်အထက် စီးနင်းနိုင်သော ခရီးသည်တင် မော်တော်ယာဉ် (Motor Vehicle for the transport of ten or more persons, including driver)ကုန်တင်ယာဉ် (Truck)၊လူစီးယာဉ် (Motor Vehicle for the transport of persons)၊သုံးဘီးတပ်ယာဉ် (လူစီး) (Three-wheeled vehicle for the transport of persons )၊သုံးဘီးတပ်ယာဉ် (ကုန်တင်) (Three-wheeled vehicle for the transport of goods)လူစီး နှစ်ဘီးတပ် လျှပ်စစ်မော်တော်ဆိုင်ကယ် (Electric Motorcycle)၊လူစီး နှစ်ဘီးတပ် လျှပ်စစ်စက်ဘီး (ElectricBicycle)လူနာတင်ယာဉ်(Ambulance)ထောင်ကား (Prison Van)နိဗ္ဗာန်ယာဉ် (Hearse) တို့ ဖြစ်ပြီးအထက်ပါ အမိန့်ကြော်ငြာစာသည် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် စတင် အသက်ဝင်မည် ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့အထိ အကျိုးသက်ရောက်မည် ဖြစ်ကြောင်း သိရပါတယ်။

news-view-count-icon

21